သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/ နည်းဥပဒေများ အသိပညာပေးအစီအစဉ် ကျင်းပပြီးစီးမှုအခြေအနေ
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/ နည်းဥပဒေများ အသိပညာပေးအစီအစဉ်ကို (၁၃.၈.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးအစီအစဉ်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှာ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက မိတ်ဆက်စကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ / နည်းဥပဒေပါ အခန်းကဏ္ဍများအား Power point ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းပြီး အသိပညာပေးအစီအစဉ်ကို ရုပ်သိမ်းလိုက်ပါသည်။ အသိပညာပေး ဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ လူမှုအားမာန်အဖွဲ့ဝင်များ၊ ရပ်ရွာအတွင်းမှ သက်ကြီး ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။