၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း
၂၀၂၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကကြီးမှူး၍ (၈.၃.၂၀၂၅) ရက်၊ နံနက်(၀၉:၀၀)နာရီတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ (MCC)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၄၄)မြို့နယ်မှ အမျိုးသမီးကော်မတီ ဥက္ကဌများနှင့် ဇနီးများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို Miss Yangon 2025 ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသူများနှင့် အုပ်ထိန်းသူများ စုစုပေါင်း (၆၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး UN Message Video Clip ပြသခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အဖွဲ့အစည်းများ၏ အောင်မြင်တိုးတက်မှုများ Documentary Video Clip ပြသခြင်း၊ ဆက်လက်ပြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို Miss Yangon 2025 ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများနှင့် ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဓါတ်ပုံပြခန်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။