သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

၂၃-၃-၂၀၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလူငယ်သင်တန်းကျောင်း၌ အောင်မြေသာစံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် အောင်မြေသာစံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ “ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှုး ဦးထက်ဝေဖြိုးမှ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မန္တလေးလူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူမျာနှင့် ဝန်ထမ်းများ၊ ကျောင်းသားများ စုစုပေါင်း (၁၂၃)ဦး တက် ရောက်ခဲ့ကြပါသည်။

FacebookTwitter