မူလတန်းကြိုကျောင်းများ ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်
မွန်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်း (၇)ကျောင်းအနက် ရေး မူလတန်းကြိုကျောင်းမှအပ ကျန်မူလတန်းကြိုကျောင်း(၆)ကျောင်းဖြစ်သော မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့၊ သထုံမြို့တို့မှ မူလတန်းကြိုကျောင်းများကို (၂.၅.၂၀၂၅)ရက်တွင် ကျောင်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ (၂၄.၄.၂၀၂၅) ရက်နှင့် (၂၅.၄.၂၀၂၅) ရက်များတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။