မိတ္ထီလာမြို့ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်သော မသန်စွမ်းသူများအတွက် သွားလာရေးဆိုင်ရာ အထောက်အကူပြု ကိရိယာပစ္စည်းများပေးအပ်လှူဒါန်း

မိတ္ထီလာ -

    မိတ္ထီလာမြို့ ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူ ဒုက္ခသည်များအတွက် အလှူရှင်များက လှူဒါန်းသည့် ရှင်သန်သွားလာရေးဆိုင်ရာ အထောက်အကူပြု ကိရိယာ ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်နှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးစခန်းများအရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အထက(၁)၊ အထက(၃)၊ အထက(၅)၊ ခရိုင်အားကစားကွင်း၊ ပညာရေးကောလိပ်၊ မန်ကျီးကုန်း အမက၊ အင်းကုန်းအမက ယာယီ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြသည့် မသန်စွမ်းဒုက္ခသည် ၃၀ အတွက် Wheel Chair (၂၃)စီး ချိုင်းထောက် သုံးစုံ၊ တုတ်ကောက် နှစ်ချောင်း၊ လေးချောင်းထောက် တစ်ခုကို ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ဒုက္ခသည်များထံ လက်ရောက် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိပါသည်။

FacebookTwitter