နေပြည်တော်၊ ဇွန်လ (၂၁) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည် ဇွန်လ(၂၁)ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Myanmar Peace Center ၌ ကျင်းပပြုလုပ်သော (၂၀၁၃)ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugees Day (2013) သို့ တက်ရောက်ပြီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။