ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ၂၁.၅.၂၀၁၉
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့ မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးရာတွင် လုပ်ငန်းအဖွဲ့၏ တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံပြီး မှီခိုကင်းစွာ ဂုဏ်သိက္ခာရှိရှိဘဝရပ်တည်နေနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို လုပ်ငန်းအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။