လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ Community and Family Services International(CFSI)အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၈.၅.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) အဖွဲ့မှ Executive Director ဖြစ်သူ Dr. Steven Muncy က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် Community and Family Services International(CFSI) အဖွဲ့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းပညာရေး စီမံချက်အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုအခြေ အနေများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ကျား/မအခြေပြု အကြမ်းဖက် မှုမှ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဦးဆောင်၍ရေးဆွဲလျက်ရှိသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအသစ် မကြာမီပြဌာန်းနိုင်တော့မည့်အခြေအနေများ၊ ဥပဒေသစ် ပြဌာန်း ပြီးနောက် နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များပေါ်ထွန်းလာရေး ဆက်လက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ CFSI အဖွဲ့မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံရှိ တက္ကသိုလ်များနှင့်ပူးပေါင်း၍ ဒေါက်တာဘွဲ့၊ မဟာဘွဲ့ စသည့်ကာလရှည်သင်တန်းများအပါအဝင် ကာလတိုသင်တန်းများ၊ အွန်လိုင်းသင်တန်းများအား ပူးတွဲ၍ ဆောက်ရွက်နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter