ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၃.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့မှ စင်ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC) အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ငြိမ်းချမ်းရေးတက္ကသိုလ်တစ်ခုတည်ဆောက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအပါအဝင် ဆက်စပ် ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုသဟဇာတမျှတရေးနှင့် ထိုမှတဆင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီဖြစ်စေခြင်း၊ Community Centre များ ဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည်တို့မှ တဆင့် အဆိုပါ ငြိမ်းချမ်းရေး တက္ကသိုလ်မှ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter