ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ၅.၈.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Covid-19 လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေနံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးတို့နှင့် ပူးပေါင်း၍ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP)က တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့်နေရာများတွင် စားနပ်ရိက္ခာနှင့် အစားအစာဝယ်ယူရန် ငွေကြေးထောက်ပံ့မှုများ ကူညီဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ နိုင်ငံရပ်ခြားမှ ဆက်လက်ဝင် ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့် နေရာများတွင် ကူညီဆောင်ရွက် ပေးနေကြသည့် စေတနာ့ဝန်ထမ်း လုပ်အားပေးများအား စားနပ်ရိက္ခာ ကူညီပေးနိုင်ရေးကိစ္စရပ်များ၊ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာသူများအား စားနပ်ရိက္ခာအတွက် နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ရာတွင် အီလက်ထရောနစ်နည်းပညာဖြင့် ဆောင်ရွက်နိုင်ရေး (WFP)က နည်းပညာဆိုင်ရာအကူအညီ ပေးအပ်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။