မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ (၁၃-၁၂-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၆း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးနှင့် မွန်ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ NGOs, INGOsများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။