အသက်(၃)နှစ်မှ (၅)နှစ် ECCD အခပေး အမှတ်စဉ်(၅၀)သင်တန်းဆင်းပွဲ ကျင်းပခြင်း
၁၅.၂.၂၀၂၂
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနတွင် (၁၇-၁-၂၀၂၂) ရက်နေ့ မှ (၁၅-၂-၂၀၂၂)ရက်နေ့ထိ မူကြိုပညာရေးအားစိတ်ဝင်စားသည့် ပြင်ပပုဂ္ဂိုလ် သင်တန်းသား/သင်တန်းသူ (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့သော “အသက်(၃)နှစ်မှ (၅)နှစ် ECCD အခပေး အမှတ်စဉ်(၅၀)” သင်တန်းဆင်းပွဲကို (၁၅-၂-၂၀၂၂)ရက်နေ့ နံနက် (၉:၃၀)နာရီမှ (၁၀:၃၀)နာရီအချိန်တွင် Central ECCD Resource Center ၏ သင်တန်းခန်းမ(၂)၌ ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဦးစီးမှူး နှင့် ECCD ကျောင်းအုပ်တို့မှ သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/သူများက ပုံပြင်၊ သီချင်း၊ အကတို့ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပါကြောင်းသတင်းရရှိပါသည်။