အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသော “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In Person ဖြင့်လည်းကောင်း၊ ကော်မတီဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ပုံစံဖြင့်လည်းကောင်း တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အရ မိမိတို့ကော်မတီအနေဖြင့် ပထမငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကို ဖယ်ရှား၍ စေခိုင်းသူကိုဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက်နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သောအလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ အရည်အသွေးပြည့်မီသော ပညာသင်ကြားခွင့်ရရှိရေး အခမဲ့ပညာသင်ကြားရေးကျောင်းများနှင့် ချိတ်ဆက်ပေးရန်နှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခြင်း စသည့်အခြေခံအချက်အလက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့်လည်း မိမိတို့ကော်မတီ၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း ခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁၅.၇.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၂.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်အမျိုးသားကော်မတီသို့အစီရင်ခံတင်ပြနိုင်ရေး ဆောင်ရွက်ရမည့်အခြေ အနေများကိုရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ကော်မတီဝင်ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ်၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စတဲ့အခွင့်အရေးများကို အဓိကဦးတည်၍ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၃(န) ပါ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ” အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အထူးအလေးထားပြီး ဥပဒေပုဒ်မ ၄၈ နှင့် ၄၉ တို့ပါ ပြဋ္ဌာန်းချက်များကို ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များတွင် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသော “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In Person ဖြင့်လည်းကောင်း၊ ကော်မတီဝင်နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ပုံစံဖြင့်လည်းကောင်း တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အရ မိမိတို့ကော်မတီအနေဖြင့် ပထမငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကို ဖယ်ရှား၍စေခိုင်းသူကိုဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက်နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ အရည်အသွေးပြည့်မီသော ပညာသင်ကြားခွင့်ရရှိရေး အခမဲ့ပညာသင်ကြားရေးကျောင်းများနှင့် ချိတ်ဆက်ပေးရန်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခြင်း စသည့်အခြေခံအချက်အလက်များကိုဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသောကော်မတီဝင်များအနေဖြင့်လည်း မိမိတို့ကော်မတီ၏ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က ယခင် (၁၅.၇.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၂.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများ၏ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကော်မတီသို့အစီရင်ခံတင်ပြနိုင်ရေးဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ကော်မတီဝင်ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှကိုယ်စားလှယ်များကဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ်၏အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စတဲ့အခွင့်အရေးများကို အဓိကဦးတည်၍ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၃(န) ပါ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး ဆိုင်ရာ” အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အထူးအလေးထားပြီး ဥပဒေပုဒ်မ ၄၈ နှင့် ၄၉ တို့ပါ ပြဋ္ဌာန်းချက်များကို ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter