နေပြည်တော်ကောင်စီ၊ သီရိရတနာမူလတန်းကြိုကျောင်း၊ ကျောင်းဆင်းနှုတ်ဆက်ပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

၁။     နေပြည်တော်ကောင်စီ၊ သီရိရတနာမူလတန်းကြိုကျောင်း၊ ကျောင်းဆင်းနှုတ်ဆက်ပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို (၃၀.၃.၂၀၂၂) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။
၂။     ပထမဦးစွာ ဒုတိယဝန်ကြီးက ယနေ့ ကျောင်းဆင်းနှုတ်ဆက်ပဒေသာကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်ပါကြောင်း၊ မူကြိုပညာရေးသည် ကလေးများဖွံ့ဖြိုးမှု အထူးသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက်အရေးကြီးပါကြောင်း၊ အနာဂတ်အတွက် ထူးချွန်သည့်ကလေးများဖြစ်စေရန် မူကြိုပညာရေးကအရေးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်နေသည့် (Maternal and Child Cash Transfer Program- MCCT) သည် ပုညှက်သေးကွေးနေသည့်ကလေးများရှိသည့်ဒေသများအား အထူးအလေးပေးထောက်ပံ့ပေးနေပါကြောင်း၊ ကလေးများအတွက် Nutrition ရရှိရန်လည်း လိုအပ်သလိုကလေးများ၏ ရှေးဦးအစ ရက်(၁၀၀၀)ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံးကာလဖြစ်နေပါ၍အရေးကြီးပါကြောင်း၊ ရက်(၁၀၀၀)ကာလအပြီးတွင် မူကြိုပညာသင်ယူရမည့်ကာလဖြစ်ပါကြောင်း၊ အနာဂတ်သင်ယူမှုများအတွက် အဆင်သင့်ဖြစ်နေရန် စနစ်ကျသည့်ပြုစုပျိုးထောင်မှုက အရေးကြီးပါကြောင်း၊ မူကြိုပညာရေးကလေးတိုင်းရရှိရန်မှ ာလိုအပ်ချက်ဖြစ်နေပါကြောင်း၊ ကလေးများ၏ တီထွင်ဖန်တီးနိုင်မှု၊ စူးစမ်းလိုစိတ်ရှိမှု၊ အခြေခံသိပ္ပံသဘောတရားများသင်ယူနိုင်မှုနှင့် အဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်မှုစသည့် စွမ်းရည်ပြည့်ဝရန်မှာ မူကြိုပညာရေးမှပံ့ပိုးပေးပါကြောင်း၊ မူကြိုပညာသည် ကလေးများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်၍  နိုင်ငံများအနေနဲ့ အထူးအလေး ပေးဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများအနက် အမြတ်အများဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်နေပါကြောင်း၊ အနာဂတ်ကာလအတွက် ပညာသင်ယူမှုပြီးမြောက်ခြင်း၊ ကျောင်းထွက်နှုန်းလျော့ကျခြင်း၊ ပတ်ဝန်းကျင်နဲ့ သဟဇာတနေထိုင်တတ်တဲ့ကလေးများဖြစ်စေရန် မူကြိုပညာရေးက လိုအပ်ချက်အနေနဲ့ရှိနေပါ၍ မိဘများအနေဖြင့် မူကြိုအရွယ်ကလေးများ မူကြိုတက်ရောက်နိုင်ရေး ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၃။     ဆက်လက်၍ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သားငယ်၊ သမီးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ ပဒေသာကပွဲကျင်းပခြင်း၊ ဂုဏ်ပြုလက်ဆောင်ပန်းခြင်းပေးအပ်ချီးမြှင့်ခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားကို ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သီရိရတနာမူလတန်းကြိုကျောင်းမှ သားငယ်၊သမီးငယ်များ၏မိဘများနှင့် ဆရာမများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter