(၂၄) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး
(၂၄) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်အစည်းအဝေး (24th ACWC Meeting) အား (၁၈.၄.၂၀၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၈:၃၀ မှ ၁၅:၀၀) ထိ virtually ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်နှင့် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ACWC) ၏ ကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်များနှင့် အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်များ၏ သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းရပ်များ၊ ရွှေ့ပြောင်းအမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းရပ်များနှင့် ACWC Work Plan (2021-2025) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ACWC Work Plan (2021-2025) တွင် စီမံချက် (၂) ခုဖြစ်သော “Workshop for Myanmar’s Frontline officers and key stakeholders for the Regional Action Plan of Action for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA)” နှင့် “Workshop to strengthen cooperation and exchange views of the protection of children in context of migration among AMS” တို့အား တင်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။