လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေးစီမံချက်အပေါ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း

(၂၈-၄-၂၀၂၂) ရက်နေ့                                                                                                                                                             နေပြည်တော်

      လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဗဟုသုတတိုးပွားစေရေးအသိပညာပေးလုပ်ငန်းစီမံချက်အား ပြည်ထောင်စုအဆင့် အဓိကဆက်စပ်ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာထမ်းများအနေဖြင့် ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့်ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ သိမြင်နားလည်သဘောပေါက်စေရန်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်လူမှုဝန်ထမ်းရုံးများမှတစ်ဆင့် ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများအား ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန်၊ မိမိလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ရှိမှုများကို သိမြင်နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆင့်ရှင်းလင်းပို့ချနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား (၂၈.၄.၂၀၂၂) ရက်နေ့၊ နံနက် ၁၀:၀၀ တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနခွဲအလိုက် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော သိသင့်သိထိုက်သည့် အခြေခံဗဟုသုတများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြပါသည်။  ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများက စီမံချက်ပါ အသိပညာပေးလုပ်ငန်းစဉ်များအား ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများမှ ရှင်းလင်းမြင်သာစွာသိရှိပြီး ပြည်သူလူထူအား ထပ်ဆင့်မျှဝေနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter