တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်သောတာဝန်ရှိသူများနှင့်တွေ့ဆုံ

ထားဝယ်မြို့                                                                                                                                                                          ၆-၅-၂၀၂၂

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါ လျက်(၆-၅-၂၀၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော ထားဝယ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Quick Win Project စီမံကိန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှု၏ အရေးပါမှုများကို တိုက်တွန်းရှင်းလင်းအမှာစကားပြော ကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ အားသာချက်/အားနည်းချက်များ၊ အခက်အခဲများနှင့် ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးစေလိုသည့်အချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည် ဆောင်ရွက်ပေးခဲ့ပါ သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့ မူလတန်းကြိုကျောင်းအတွင်း ကလေးငယ်များ တက်ရောက်သင်ယူနေမှုအခြေအနေများကို သွားရောက်အားပေးကြည့်ရှုခဲ့ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များ၊ မုန့်များနှင့် လက်သန့်စင်ဆပ်ပြာများပေးအပ်ခဲ့ကာ ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါသည်။

      ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေးလုပ်ငန်း၊ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ်ထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့်အချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအား ဦးခိုက်ကန်တော့ကြပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ၊ စောင်များ၊ လက်သန့်စင်ဆပ်ပြာများနှင့် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရိပ်သာအတွင်း ဆောင်ရွက်နေမှုများကို ရိပ်သာတာဝန်ခံက လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဖြည့်ဆည်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter