လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲ အခမ်းအနားအား  (၉.၅.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင်   ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ အမှတ် (၁၃၅) ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲ စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

      လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများရှိ ဝန်ထမ်းများ၏ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲကို (၉.၅.၂၀၂၂) ရက်နေ့မှ (၁၁.၅.၂၀၂၂) ရက်နေ့ အထိ (၃) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး (၁၂.၅.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့အထိ ဆုရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်၍ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

FacebookTwitter