စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်
(၂၉.၇.၂၀၂၂)ရက်နေ့တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ အ.ထ.က(၃)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရယ်” အသိပညာများကိုပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူးက “မိုင်းအန္တရယ် အသိပညာပေးခြင်း”များကို ရှင်းလင်းပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက “လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းပေး” နှင့် “မူးယစ်အန္တရယ် လူ့ရန်စွယ်” အသိပညာများကို ရှင်းလင်းပြောကြား ပြီး၊ ဦးစီးမှူးက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” အသိပညာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။