ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှဆရာမများအတွက် အသက်(၃)နှစ်မှ(၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း
ကရင်ပြည်နယ်၊ လူမှု၀န်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ ဆရာမများအတွက် အသက်(၃) နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို မူလတန်းကြိုကျောင်းအမှတ်(၁)ဘားအံတွင်(၁၃.၇.၂၀၂၂) ရက်နေ့မှ (၅.၈.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ့်ပို့ချခဲ့ရာ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်တို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးစိုးလွင် တက်ရောက်အမှာစကားပြောကြား၍ သင်တန်းဆင်း လက်မှတ်များချီးမြှင့်ခဲ့ပါသည်။