မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအစည်းအဝေး (၃/၂၀၂၂)

        မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၂-၈-၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး ကော်မတီ၏လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ လုပ်ငန်းစဉ်များအပေါ်အကြံပြုဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းလွဲ (၁၅း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

    အစည်းအဝေးသို့ မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

FacebookTwitter