မသန်စွမ်းသူများ အတားအဆီးမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အ‌ထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းကျင်းပ

        မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မသန်စွမ်းသူများအတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာအ‌ထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းကို (၁၈.၈.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အတ္ထရံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်း ရုံးမှနည်းပြများက မသန်စွမ်းမှုဆိုင်ရာအမြင်များနှင့် အခြေခံမြန်မာလက်သင်္ကေတပြဘာသာစကားဘာသာရပ်များအား ပို့ချပေးခဲ့ပါသည်။

        သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ဟိုတယ်များမှဝန်ထမ်းများ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter