စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်း
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မူလတန်းကြိုကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် စတင်ဖြစ်ပေါ်လာပုံ/ လုပ်ငန်းလမ်းညွှန် (SOP) ကို ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးက Intake and Tools နှင့် Assessment နှင့် Plan တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။