စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား

     ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက်ကြီးဆုံးဘိုးဘွား(၃)ဦးအား တစ်ဦးလျှင် အလှူငွေကျပ် (၃၅၀,၀၀ဝိ/-) ကျပ် လှူဒါန်းပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသော မုံရွာဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ဂါရဝလက်ဆောင်ပစ္စည်းများနှင့် အလှူငွေ (၃၀,၀၀ဝိ/-) ကျပ်အားပေးအပ်ခဲ့ပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

FacebookTwitter