အိမ်တွင်သက်မွေးလုပ်ငန်းပညာသင်ကျောင်း(ရန်ကုန်)အပတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

      လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(ရန်ကုန်)၏ အပတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း သင်တန်းဆင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအမျိူးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်ဖြူဖြူစိန်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းရုံးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူ(၉၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
      ဆက်လက်၍ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်ချုပ်ဘာသာရပ်ထူးချွန်ဆုရရှိသူ သင်တန်းသူ မဇာနည်ဝင်းအား အပ်ချုပ်စက်(၁)လုံးချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆင်းသင်တန်းသူများကိုယ်စား မဇာနည်ဝင်းမှ ကျေးဇူးတင်စကားပြောကြားပြီး (၉:၃၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 
 

FacebookTwitter