ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း
(၁.၁၀.၂၀၂၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ်အသက်အကြီးဆုံးဘိုးဘွား (၃) ဦးအား တစ်ဦးလျှင်ထောက်ပံ့ငွေ (၁၅၀၀၀ဝိ/-) စီဖြင့်လည်းကောင်း၊ အခမ်းအနားသို့တက်ရောက်သော ဂုဏ်ပြုခံဘိုးဘွား (၃၀) ဦးအား ထောက်ပံ့ငွေ (၈၀၀၀ဝိ/-) ကျပ်နှင့် ဂါရဝလက်ဆောင်ပစ္စည်း (၂၀၀၀ဝိ/-) ဖိုးစီကို အစိုးရအဖွဲ့ဝင်များမှ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။