“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်ခြင်း
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်၊ နံနက်(၀၉:၃၀)နာရီ၊ နေပြည်တော်
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပဋိပက္ခ အတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ဘာသာရပ်ပို့ချမည့်သူများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတ များရရှိပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာ တွင် အထောက်အကူဖြစ်စေရန် ဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ် သင်တန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးသွားမည့်ဘာသာရပ်များမှာတိုင်ကြားမှုအပေါ်အရေးယူဆောင်ရွက်ခြင်း၊အမှုတိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအဆင့်ဆင့်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့် မြန်မာနိုင်ငံကို အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင်ထည့်သွင်းထားခြင်း၊ လက်နက်ကိုင်ပဋိပက္ခ အတွင်းကလေးသူငယ်များအပေါ်ကြီး လေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာဆောင်ရွက်ချက်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့စပ်လျဉ်းတဲ့ ပြစ်မှုများအကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅၊ UNSCR-1325၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Helpline ဝန်ဆောင်မှုနဲ့ တစ်နေရာတည်းတွင် အမျိုးသမီးများအား ဝန်ဆောင်မှုပေးခြင်း One Stop Wome Support CentreOSWSCနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တို့ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ပြောကြားခဲ့ပါသည်။
သင်တန်းသို့ ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား/သူ (၅၀)ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ၉.၁၁.၂၀၂၂ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့ထိ (၂)ရက်တာဖြစ်ကြောင်း၊ သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊ မရေးရာအခြေခံသဘောတရား နှင့် ကျား၊မရေးရာအခြေပြုအကြမ်းဖက်ခြင်းအကြောင်းကို ပါဝင်ဆွေးနွေးခဲ့ပြီး ကျန်ဌာန/ အဖွဲ့ အစည်းများမှ သင်တန်းနည်းပြများကလည်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆွေးနွေးပို့ ချခဲ့ပါကြောင်း သတင်းရရှိပါသည်။