အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီမှကြီးမှူး၍ (၃.၁၂.၂၀၂၂) ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ကော်မတီဝင်များ၊ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ အမျိုးသမီးနှင့်ကလေးဘဝမြှင့်တင်ရေးအဖွဲ့မှ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မသန်စွမ်းအသင်းအဖွဲ့များ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား/သူများစုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ Video အားပြသခဲ့ပါသည်။ ဆက်လက်၍ မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းသား/သူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်ခဲ့သော မသန်စွမ်းကျောင်း (၈) ကျောင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများ၊ တာဝန်ရှိသူများက တစ်ဖွဲ့လျှင် ၁၀၀,၀၀၀/-ကျပ်နှင့် ကျင်းပရေးကော်မတီမှ ၅၀၀၀၀/-နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း(ရန်ကုန်)မှ ကလေး(၉၉)ဦး၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကလေး(၅၁)ဦး၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာမှ ကလေး(၁၁၃)ဦး၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ ကလေး(၁၄၈)ဦး၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းမှ သင်တန်းသား/သူ (၆၀)ဦး၊ ခဝဲခြံမျက်မမြင်ကျောင်းမှ ကလေး(၁၀၅)ဦး၊ မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းမှကလေး(၁၉၄)ဦး၊ အင်းစိန်အားကစားလေ့ကျင့်ရေးကွင်းမှ ဉာဏ်ရည်မသန်စွမ်းကလေးများကျောင်းမှ ကလေး(၂၅)ဦး၊ အေးမေတ္တာ မသန်စွမ်းရိပ်မြုံပရဟိတဂေဟာမှ ကလေး(၁၁၃)ဦး၊ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ကလေး(၂၃၀)ဦး စုစုပေါင်း မသန်စွမ်းကလေး ၁၁၃၈ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀,၀၀၀/- ဖြင့် စုစုပေါင်းကျပ် ၅၆,၉၀၀,၀၀၀/-(ကျပ်ငါးရာခြောက်ဆယ့်ကိုးသိန်းတိတိ)ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။