စစ်ကိုင်းတိုင်းဒေသကြီး အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၄.၂.၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌလူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်သူ (၂၅) ဦးအား ကလေးအလုပ်သမား၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမား၊ ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းနှင့်လုပ်ငန်းခွင်၊ ကလေးသူငယ်များအပေါ် ကျူးလွန်သော ပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးခဲ့ပြီး အုပ်စုဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။