လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် နိုင်ငံတော်အဆင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်ပြီး လူမှုရေးပညာဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ လူမှုရေးပညာဘာသာရပ် ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် လူမှုရေးပညာဘွဲ့ (Bachelor of Social Work) ပေးအပ်သွားမှာဖြစ်သောကြောင့် အဓိကကျသော ပထမနှစ်သင်ရိုးညွှန်းတမ်းအတည်ပြုသတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါကြောင်း၊  လူမှုရေးပညာဘွဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုရေးဝန်ဆောင်မှုများ ထိရောက်စွာဆောင်ရွက်နိုင်ရေးလိုအပ်ချက် (Demand Side) အတွက် ပညာရေးစနစ်မှလူမှုရေးပညာရပ်ကျွမ်းကျင်လူသားရင်းမြစ်များ ဖြည့်တင်းမွေးထုတ်ပေးနိုင်ရေး (Supply Side) အတွက် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ပြီးပါက Naypyitaw State Academy တွင် လူမှုရေးပညာဘွဲ့ စတင်ပေးအပ်သွားနိုင်မှာဖြစ်လို့ လူမှုဝန်ထမ်းလုပ်ငန်းစိတ်ပါဝင်စားသူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း (၁၉) ဦးကို အိန္ဒိယနိုင်ငံရှိ Tata Institute of Social Sciences တွင် လူမှုရေးပညာမဟာဘွဲ့ရယူရန် ၂၀၂၂ခုနှစ်၊ ဩဂုတ်လမှစ၍ ပညာသင်စေလွှတ်နိုင်ခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်းမူကြမ်းကို  Tata Institute of Social Sciences မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက Technical  Advisor အဖြစ်လာရောက်ပြီး အကြုံပြုသုံးသပ်ပေးခြင်းနှင့် လိုအပ်သည့်သင်တန်းများပို့ချပေးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှပညာရှင်များ၊ ပြင်ပလူမှုရေးပညာရှင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ Core Team  အဖွဲ့ဝင်များကသင်ရိုးညွှန်းတမ်းနှင့်ပတ်သက်ပြီး လိုအပ်မည့်အချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးမှသာ လူမှုရေးပညာဘွဲ့အတွက် ပြည့်စုံလုံလောက်သည့် သင်ရိုးညွှန်းတမ်းအားရရှိနိုင်မည်ဖြစ်သည့်အတွက်ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၊ ကျောင်းအုပ်တို့မှရှင်းလင်းတင်ပြခြင်း၊ Naypyitaw  State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။  

FacebookTwitter