ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့်ထိခိုက်ခံစားနေရသော ပြည်သူများအား စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ရေး
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူများအား စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးခြင်းနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဆောင်ရွက်နိုင်ရေး၊ လိုအပ်သောကူညီထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့ (Psycho Social Care and Support Team) (၃)ဖွဲ့ အဖွဲ့ဝင် (၆)ဦးတို့အား ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၂၆.၆.၂၀၂၃) ရက်နေ့တွင် စတင်စေလွှတ်ခဲ့ပြီး၊ စစ်တွေမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများအနက် ထိခိုက်လွယ်အုပ်စုဝင်များ၏ စာရင်းများကောက်ခံခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ နှစ်သိမ့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါသည်။