မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် Gender CEDAW နှင့် NSPAW အသိပညာပေး ဆွေးနွေးပွဲ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၅.၆.၂၀၂၄ရက်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် Gender CEDAW နှင့် NSPAW အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဝေါမြို့နယ် အမျိုးသမီးကော်မတီဝင်များနှင့် အမျိုးသမီးများအရေးကို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေသည့် တက်ရောက်သူ (၈၀)ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး၊ ပဲခူးတိုင်း လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက Gender CEDAW နှင့် NSPAW အကြောင်းကို အသိပညာပေးခဲ့ပြီး တက်ရောက်သူများက သိလိုသည်များ မေးမြန်းကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။