လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ (၄)မြွှာပူးမွေးဖွားသော မိခင်နှင့်ကလေး ဆုထောက်ပံ့ပေးအပ်ခြင်း
၁၃.၃.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည်ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါ်လဲ့ယဉ်ဝင်း၊အထူးကုဆေးရုံကြီး၊ ကုတင်(၅၀၀)ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့်တာဝန်ရှိသူများသည်ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးဝန်းအတွင်းသို့ သွားရောက်၍ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ရှောက်ထားသော (၄)မြွှာပူးကလေးများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မိဘများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ ၁၀,၀၀,၀၀၀/-(ကျပ်တစ်ဆယ်သိန်းတိတိ) ကိုပေးအပ်ခဲ့ပါသည်။
(၄)မြွှာပူး မိန်းကလေး(၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ်၊ ကျွဲထီးရိုးကျေးရွာနေ ဦးကာဆင်+ ဒေါ်ဝင်းမာထွန်းတို့မှ ၆.၃.၂၀၂၅ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးများ၏ ဘဝလုံခြုံမှုရှိစေရေးအတွက် မိဘများအလုပ်အကိုင်ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။