အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း နှင့် MSME ဖွံ့ဖြိုးတိုးတတ်ရေးဆိုင်ရာ Basic Motor Control သင်တန်းဖွင့်ပွဲ အခမ်းအနား
၁၇.၃.၂၀၂၅ရက်၊ နံနက် ၉း၀၀ နာရီအချိန်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ၊အမှတ်စဥ် (၁/၂၀၂၅)နှင့် MSME ဖွံ့ဖြိုးတိုးတတ်ရေးဆိုင်ရာ Basic Motor Control သင်တန်း၊ အမှတ်စဥ် (၁/၂၀၂၅)တို့အား ၁၇.၃.၂၀၂၅ ရက်မှ ၃၁.၃.၂၀၂၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇာနည်မောင်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)မှ သင်တန်းနည်းပြများနှင့်တာဝန်ရှိသူများ၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။