ပြည်ထောင်စုဝန်ကြီးအား အစ္စရေးနိုင်ငံ၊ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ ၁၁ -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား (၁၁.၁၀.၂၀၁၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E.Mr.Hagay Moshe Behar သည် ဝန်ကြီးရုံး၏ မေခလာခန်းမတွင် လာရောက်တွေ့ဆုံရာ မိမိတို့ဌာနနှင့် အစ္စရေးနိုင်ငံအကြား လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန် ကိစ္စများကို ရင်းနှှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။