ပြည်ထောင်စုဝန်ကြီးအား Danchrrchid Myanmar မှ Mine Action Advisor ဖြစ်သူ Ms.Kim Warren လာရောက်တွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ (၂၆) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒါ်မြတ်မြတ်အုန်းခင်သည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် Danchrrchid Myanmar မှ Mine Action Advisor ဖြစ်သူ Ms.Kim Warren နှင့် အဖွဲ့သည် နေပြည်တော်ရှိ ဝန်ကြီးရုံး၏ မေခလာ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံရာမိုင်းအန္တရာယ် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်တွင် (၇.၁၁.၂၀၁၂) ရက်နေ့မှ (၉.၁၁.၂၀၁၂)ရက်နေ့ထိ Sky Place Hotel ၌ မိုင်းအန္တရယ် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဒေါက်တာကိုကိုနိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။