၂၀၁၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အဖွင့်အမှာစကား ပြောကြား

နေပြည်တော်၊ အောက်တိုဘာ ( ၁ )ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန် ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ယနေ့ နံနက် (၁၀) နာရီတွင် အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ "သက်ရွယ်စုံညီ လူ့ဘောင်စီသို့" ဆိုသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပသည့် ၂၀၁၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံသည် ၁၉၁၅ ခုနှစ်မှစ၍ ဘိုးဘွား ရိပ်သာများ တည်ထောင်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှုများကို စတင်ခဲ့ပါကြောင်း၊ သို့သော် ဘိုးဘွား ရိပ်သာများ တည်ထောင်ပြီး ပြုစုစောင့်ရှောက်သည့် စနစ်သည် အနာဂတ်တွင် သက်ကြီး ရွယ်အိုအများစု၏ ရေရှည်အကျိုးစီးပွားကို ပြည့်စုံအောင် မဖြည့်စွမ်းနိုင်သည့်အတွက် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်ကပင် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းက လူမှုရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် ၁၅၄ မြို့နယ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အတွက် ပြည်သူလူထုအတွင်း မှန်ကန်သည့် အတွေးအခေါ် အယူအဆများ မိသားစု တစ်ဦးချင်းဆီမှ တစ်ရက်ကွက်လုံး တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးသို့ စိမ့်ဝင်ပြန်နှံရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အိုများ၏ ဘဝလိုအပ်ချက်များကို ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် သက်ကြီးရွယ်အို ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်မူကြမ်းကို ရေးဆွဲလျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။

 

သက်ကြီးရွယ်အို


    ထို့နောက် ကုလသမဂ္ဂလူဦးရေဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Mr.Mohamed Abdel-Ahad က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပေးပို့ သည့် ၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ သဝဏ်လွှာကိုဖတ် ကြားသည်။

 

သက်ကြီးရွယ်အို


    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသက်အကြီးဆုံးအဘိုး(၁)ဦး၊ အဘွား(၁)ဦးနှင့် ဂုဏ်ပြုခံ ဘိုးဘွားများအတွက် အလှူငွေများကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် ထံပေးအပ် သည်။

 

သက်ကြီးရွယ်အို


    ယင်းနောက် ကုမ္ဗဏီၤများ၊ ဝန်ကြီးဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် အလှူရှင်များက တစ်နိုင်ငံလုံးရှိ ဘိုးဘွား ရိပ်သာများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြမြအုန်းခင်၊ ဒုတိယဝန်ကြီး  များ ဖြစ်ကြသည့် ဦးဘုန်းဆွေ နှင့် ဒေါ်စုစုလှိုင် တို့က လက်ခံကြသည်။

   
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် နှင့် ဒုတိယဝန်ကြီးများက ဘိုးဘွားများ အား ဆေးဝါးပစ္စည်းနှင့် အလှူငွေများကို ပေးအပ်ကြသည်။

 

သက်ကြီးရွယ်အိုသက်ကြီးရွယ်အိုသက်ကြီးရွယ်အိုသက်ကြီးရွယ်အို

    ယနေ့အခမ်းအနားသို့ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဌများ နှင့် တာဝန်ရှိသူများ၊ သက်ကြီး အဘိုး၊ အဘွားများ၊ ဝန်ထမ်းများ တက်ရောက် ကြပါသည်။

FacebookTwitter