ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား UNFPA မှ ဌာနေကိုယ်စားလှယ် အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ယနေ့နံနက် ၈ နာရီခွဲတွင် UNFPA မှ ဌာနေကိုယ်စားလှယ် Mr. Mohamad Abdet-Ahad နှင့် အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးရှိ မေခလာ ခန်းမတွင် လာရောက်တွေ့ဆုံရာ ထိုသို့ တွေ့ဆုံရာ၌ လူမှုရေး ဒုက္ခ ခံစားနေရသော သူများနှင့် သဘာဝဘေးကြောင့် ဖြစ်စေသော ပြည်သူများကို အကူအညီပေးရေးနှင့် လတ်တလော ဖြစ်ပေါ်နေသော လူမှုအခက်အခဲများနှင့် လူမှုရေးလုပ်ငန်း များကို အကူအညီပေးရန် တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြောင်း သတင်းရရှိခဲ့ ပါသည်။

FacebookTwitter