ပထမအကြိမ်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် Social Welfare Disaster Risk Reduction ခေါင်းစဉ်ဖြင့်ဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ (၁၉) ရက် -

        ပထမအကြိမ်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နေပြည်တော် MICC  တွင် မွန်းလွဲ ၃း၃၀ အချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆွေးနွေးပွဲတွင် Social Welfare Disaster Risk Reduction ခေါင်းစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်အဖွဲ့နှင့် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter