ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒနှင့် ပထမ(၅)နှစ် မဟာဗျူဟာ အစီအစဉ် ရေးဆွဲရေး ဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် Representative of UNICEF Mr. Bertrand Bainvel ECCD International Consultant Ms. Emily Vargas-Baron တို့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဝန်ကြီးရုံး မေခလာ ခန်းမ၌  တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒနှင့် ပထမငါးနှစ် မဟာဗျူဟာ အစီအစဉ် ၂၀၁၄-၂၀၁၈ ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter