ပြည်ထောင်စု ဝန်ကြီးမိသားစုမှ ဖျာပုံမြို့ ရတနာ သိဒ္ဓိသာသနာ့ ဗိမာန်တော်၌ ကျင်းပသော စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲသို့ တက်ရောက် လှူဒါန်း
နေပြည်တော်၊ ဇူလိုင်(၂၁)ရက် -
ယင်းနံနက်ပိုင်းတွင် ဖျာပုံမြို့၊ ရတနာ သိဒ္ဓိသာသနာ့ ဗိမာန်တော်၌ ကျင်းပသော စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးမိသားစု မှ ဝတ္ထုငွေ (၃)သိန်း (၂)သောင်း (၅)ထောင် ကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေ (၆)သောင်း (၃)ထောင် အား လှူဒါန်းပြီး ဘိုးဘွားများကို အားပေးစကား ပြောကြားခဲ့ပါသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့၊ တော်ခရမ်းလေး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး အလှူငွေ (၈)သောင်း လှူဒါန်းခဲ့ ပါကြောင်းသတင်း ရရှိပါသည်။