လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Mercy Malaysia(Myanmar) မှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၁၀ရက်နေ့၊ နေ့လည် (၁၅း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Mercy Malaysia(Myanmar) မှ Country Director ဖြစ်သူ Mr.Vladimir Arcilla Hernandez ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် လျော့ချရေးလုပ်ငန်းများ သဘာဝဘေး အန္တရာယ်ခံနိုင်ရည်ရှိသည့် လူမှုအသိုင်းအဝန်း ပေါ်ပေါက်လာရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။