ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများပေးအပ်ခြင်းနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံခြင်း
နေပြည်တော်၊ သြဂုတ်လ(၂၆) -
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွှက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက လှူဒါန်းငွေကျပ်သိန်း(၁၀၀) အားလည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် သဘင်အစည်းအရုံးက လှူဒါန်းငွေကျပ်(၈.၅)သိန်း အားလည်းကောင်း ယနေ့ နံနက်ပိုင်းတွှင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအေဝးခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးရုံး အစည်းအေဝးခန်းမ၌ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွှမ်းဆောင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ကျား/မရေးရာတန်းတူညီမျှ ရေးကွန်ယက်နှင့် အမျိုးသမီးအဖွဲ့များ ကွန်ယက်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွှင် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီ ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိပြီးမူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၉)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် UNCEDAW အဖွဲ့ဝင်နိုင်ငံဖြစ်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ချက်များသည် ပြည်သူတို့၏ လိုလားချက်နှင့် ကိုက်ညီမှုရှိ ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အသီးသီးမှ ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ဝန်ကြီးရုံးမေခလာခန်းမ၌ UNHCR အဖွဲ့အစည်းမှ Director for Bureau for Asia and Pacific ဖြစ်သူ Ms.Daisy Dell ဩးဆောင်သည့်အဖွဲှ့ဝင်များ ၊ Danish Refugee Council (DRC) အဖွဲ့အစည်းမှ Country Director ဖြစ်သူ Mr. Stephen Robert Willimas ဦးဆောင်သည့် အဖွဲ့ဝင်များအား သီးခြားစီ လက်ခံတွေ့ဆုံ၍ နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သူများနှင့် စစ်ဘေးရှောင် စခန်းများရှိ ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်လက်ပံ့ပိုးပေးနိုင်ရန် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူအဖွဲ့အစည်း(၂)ခုအတွှက် အဖြေရှာနိုင်ရေး ကြိုးပမ်းဆောင်ရွှက် နေမှုများ၊ ကုလသမဂ္ဂ နိုင်ငံခြားသား ဝန်ထမ်းများ၏ ဗီဇာကိစ္စ၊ ခရီးသွှား လာခွင့်ကိစ္စရပ်များ၊ DRC အဖွဲ့အစည်းနှင့် နားလည်မှု စာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ကယားပြည်နယ်တွင် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ အကူအညီကိရိယာ မပါဘဲ ရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွှက်နိုင်မှု ကိစ္စရပ်များ၊ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွှင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေး နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက လူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်များကိုယ်တိုင် ပါဝင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရန် နေရာဒေသအသီးသီးတွင် လူငယ်ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ လူငယ်ဖိုရမ်များ ကျင်းပလျက်ရှိကြရာ လိုအပ်သော ကူညီမှုများ ပေးနိုင်ရေးအတွှက် ညှိနှိုင်းဆွေးနွေးကြပါသည်။