လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အဖွဲ့အစည်းအသီးသီးမှ လာရောက်တွေ့ဆုံ ဂါရဝပြုခြင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ပထမရက် (၁၀၀) စီမံချက် ကာလပြီး ဆုံးပြီးနောက် ဒုတိယရက် (၁၀၀) ကာလအတွင်းဆောင်ရွက်မည့် လုပ်ငန်းများ

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလလ ၇ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများ ဥပဒေပေါ်ပေါက်လာပြီးနောက် နည်းဥပဒေများ ဆက်လက်ညှိနှိုင်းရေးဆွဲရေး ကိစ္စရပ်များ၊ မသန်စွမ်းသူများအတွက် မဟာ ဗျူဟာစီမံကိန်း ရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ မသန်စွမ်းသူများပညာ သင်ကြား ခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်ရေး ကိစ္စရပ်များ၊ မသန်စွမ်းသူများဆိုင်ရာ အမျိုးသား ကော်မတီဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      အလားတူနံနက်(၁၀း၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား KyoshinCo.,Ltdအဖွဲ့အစည်းမှ Chairman ဖြစ်သူ Mr. SadaakiTachiki ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် KyoshinCo.,Ltd တို့မှာ ၂၀၀၀ ခုနှစ်ခန့်မှစ၍ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုအခါသက်ကြီးရွယ် အိုပြု စုစောင့်ရှောက်ရေး အတွက် Letter of Technical Agreement(LTA) နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာရေးထိုး၍ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုသင်တန်းများပေးနိုင်ရေး၊ ဂျပန်နိုင်ငံရှိသက်ကြီးရွယ်အိုပြုစုစောင့်ရှောက် မှုစနစ်နှင့် နည်းလမ်းများသင်ယူနိုင်ရေး၊သင်တန်းအောင်မြင်ပြီးသောလူငယ်များဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင် နိုင်ရေး ကိစ္စရပ်များ၊ ဂျပန်ဘာသာစကားသင်ကြားနိုင်ရေးစသည့်လုပ်ငန်းများဆောင်ရွက်နိုင် ရေးကိစ္စရပ်များ၊ အနာဂတ်တွင်လူမှုဝန် ထမ်းနှင့်ပတ်သက်၍ Social Welfare Institute အဆင့်အထိထူထောင်၍ သက်မွေးကျောင်းလုပ်ငန်းရပ်များ၊ လူမှု ဝန်ထမ်း ဘာသာရပ်များသင်ကြားပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြပါသည်။

      ဆက်လက်၍လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ရက် (၁၀၀) စီမံချက် ကာလပြီးဆုံးပြီးနောက် ဒုတိယရက် (၁၀၀)ကာလအတွင်း ပြည်သူလူထုကိုတိုက်ရိုက် အကျိုးကျေးဇူးရရှိစေမည့် လုပ် ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့(၆-၉-၂၀၁၆) နေ့လည် (၁)နာရီတွင် ဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်းဦးစီး ဌာန နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ ဆောင်ရွက်မည့် လုပ်ငန်းများကိုဖော်ထုတ် ညှိနှိုင်းဆွေးနွေး ကြပါသည်။

      ညှိနှိုင်းအစည်းအ‌ဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏လုပ်ငန်းသဘောသဘာဝအရ ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်ပြီးလူမှုရေးရာ ကိစ္စရပ်များကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊ လူမှုဒုက္ခများ ခံစားနေရ သည့် ပြည်သူလူထုများကိုကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအားလုံးသည် ပြည်သူကိုတိုက်ရိုက်အကျိုးရှိစေမည့်၊ ပြည်သူ့လိုအပ်ချက်ကိုအကောင်းဆုံးဖြည့် ဆည်းပေးနိုင်မည့်လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်း၊ သမရိုးကျဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် တီထွင်ဆန်း သစ်ရန်လည်းလိုအပ်ကြောင်းလမ်းညွှန်ဆွေးနွေးပြီးဦးစီးဌာနများမှ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပါသည်။

      ဒုတိယရက် (၁၀၀)ကာလအတွင်းလူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ထိခိုက် လွယ်သော၊ အန္တရာယ်ကျရောက်လွယ်သော၊ လူမှုရေးအရကာကွယ်စောင်‌့ရှောက်ရန် လိုအပ်သောအုပ်စုများဖြစ်သည်‌့ ကလေး သူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင်‌့ သက်ကြီးရွယ်အိုများကိုကာကွယ်စောင့်ရှောက်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင်‌့ ရက်(၁၀၀)စီမံချက်များကိုဆောင်ရွက်ခဲ့ပါသည်။

      ရက်(၁၀၀)အလွန် လာမည့် ဒုတိယရက်(၁၀၀) အတွင်း၌ ပြည်သူလူထုအတွက် လူမှုကာကွယ်စောင်‌့ရှောက်ရေးနှင်‌့ လူမှုအကျိုးပြုလုပ်ငန်းများကို ပိုမိုအရှိန်မြှင်‌့တင် ဆောင်ရွက် ရာတွင် လူမှုဝန်ထမ်းလုပ်ငန်းစဉ်များအဖြစ် ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင်‌့ မွေးကင်းစကလေးများအားထောက်ပံ့ရေး၊ လမ်းပေါ်နေကလေးများစောင့်ရှောက်ရေး၊ အရွယ်မတိုင်မီအလုပ်လုပ်နေရသောကလေးသူငယ်များအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ၊ ကျောင်းပြင်ပပညာရေးနှင်‌့ ကျန်းမာရေးဝန်ဆောင်မှုများရရှိစေရန် ချိတ်ဆက်ပေးခြင်းနှင်‌့ အားလပ်ချိန်တွင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံခံစားနေရသောအမျိုးသမီးများ အတွက် ပြဿနာများ တစ်နေရာတည်းတွင် ကူညီဖြေရှင်းပေးနိုင်မည်‌့စင်တာထူထောင်ရေး၊ မျက်မမြင် များအတွက် ကလေးသူငယ်အခွင်‌့အရေး၊ အမျိုးသမီးများအခွင်‌့အရေး၊ မသန်စွမ်းသူများအခွင်‌့အရေးဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်ပါ အချက်အလက်များ ကိုမျက် မမြင် စာပေဖြင်‌့ စာအုပ်နှင်‌့ အသံဖိုင်များထုတ်ဝေရေး၊ လိုအပ်ချက်ရှိသောနေရာများတွင် မူလတန်းကြိုကျောင်းများတိုးချဲ့ ဖွင်‌့လှစ်ရေးများအပါအဝင် ပြည်သူလူထုအတွက် ထိရောက်အကျိုးရှိသောအသိပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ ဝန်ထမ်းများ၏ စွမ်းရည်မြှင်‌့တင်ခြင်းအစီအစဉ်များဆောင်ရွက်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူများကတင်ပြကြပါသည်။

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကလာနီညာရာသီဥတုကြောင့် ဖြစ် ပေါ်လာနိုင်သည့် ဘေးအန္တရာယ် များနှင့် ပတ်သက်သောကြိုတင်ပြင်ဆင်မှုများ၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ် ရိက္ခာများကြိုတင်ပြင်ဆင်ရေး၊ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ အာဆီယံလမ်းညွှန်နှင့်ပတ်သက်၍ အသိ ပညာပေးဆွေးနွေးခြင်း၊ သဘာဝဘေး တုံ့ပြန်ရေးလုပ်ငန်းများတွင် အတူလက်တွဲဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေ သကြီး/ ပြည်နယ်များတွင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရေရှည်သဘာဝဘေးအစီအမံများအတွက် ပစ္စည်းကိရိယာများဖြည့်တင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသီးသီးတင်ပြကြရာပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

FacebookTwitter