လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတွင် သုတေသန စင်တာ တစ်ခု တည်ထောင်ရန် အလှူငွေ ပေးအပ်ခြင်း
နေပြည်တော်၊ စက်တင်ဘာ ၁၄ -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း ဝန်ကြီးဌာနက မူဝါဒနှင့်ဥပဒေများ ရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ချက်များ ရေတို၊ရေရှည် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ပြည်သူလူထုအတွက် ပိုမိုထိရောက်စွာ အကျိုးပြုနိုင်စေရန် အထောက်အထားအခြေပြု သုတေသနရလဒ်များ ရရှိရန်လိုအပ်ပါသည်။
ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနစင်တာတစ်ခု ဖွဲ့စည်းတည် ထောင်ရန်လိုအပ်သဖြင့် မတည်ငွေအလှူရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ ဒေါက်တာ မောင်မောင်မြင့်(ပြည်တွင်း/ပြည်ပအလှူရှင်မိတ်ဆွေများ)မှ လှူဒါန်းငွေကျပ် (၃၆၂၀၅၆၀၀)(ကျပ် သုံးရာ ခြောက်ဆယ့်နှစ်သိန်း ငါးထောင်ခြောက်ရာတိတိ)ကို အဆိုပါဝန်ကြီးဌာနရှိ သုတေသနစင်တာဖွင့်လှစ်မည့် နေရာတွင် ၁၄.၉.၂၀၁၆ ရက်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။