ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Prof. Kenishiro Fuji ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံခြင်း
နေပြည်တော်၊ စက်တင်ဘာ (၂၂)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Jochi University, Comprehensive Human Sciences Social Welfare ဌာနမှ တွဲဖက်ပါမောက္ခ Prof. Kenishiro Fuji ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း ဆိုင်ရာ လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ လူမှုဝန်ထမ်း ဥပဒေ ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု အတွက် လက်ရှိဆောင်ရွက်နေသော အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြပြီး မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်မှု လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ဆွေနွေးညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။