(၉)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးအဆင့်နှင့် (၅)ကြိမ်‌မြောက် အာဆီယံ +၃ ဝန်ကြီးအဆင့် အစည်းအဝေးများတက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊အောက်တိုဘာလ ၃ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၉.၉.၂၀၁၆ ရက်နေ့နှင့် ၃၀.၉.၂၀၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် (၉)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် (၂၉.၉.၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဆိုင်ရာ အာဆီယံနိုင်ငံများ၏ ဝန်ကြီးများအလွတ် သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သောအုပ်စုများအတွက် လူမှုဝန်ဆောင်မှုနှင့် ကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၉)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ လူမှုကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေးကြေငြာချက် အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာမဟာ ဗျူဟ ာစီမံချက်ရေးဆွဲကာ စတင် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်း အမျိုး သမီးနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ စီမံချက်၊ ရှေးဦးအရွယ် ကလေးသူငယ် ပြု စုစောင့်ရှောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရည်အသွေး စံသတ်မှက်ချက် ရေးဆွဲချမှတ်နိုင်ခြင်းများအတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံ သက်ကြီးရွယ်အိုများဆိုင်ရာ ကြေငြာချက်နှင့် မသန်စွမ်းသူများဆိုင်ရာ ဘာလီကြေညာ ချက်များအား အာဆီယံ+၃ နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ‌ဆွေးနွေး‌ပြော ကြားခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၃၀.၉.၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဆက်လက်တက်ရောက်၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ+၃ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများအား လူမှုဝန်ထမ်းဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ပံ့ပိုးကူညီမှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ် များကို အဆိုပါ (၃)နိုင်ငံ၏ လူမှုဝန်ထမ်းဆိုင်ရာ ဝန်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

      အဆိုပါ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် ဆက်စပ်သည့် (၁၂)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

      (၁၃)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter