ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆဌမ အကြိမ်မြောက် ဖွံံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲ တက်ရောက်
၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွှင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ ဆဌမ အကြိမ်မြောက် ဖွံ့ဖြိုးရေးလူငယ်များ နှီးနှောဖလှယ်ပွဲ (6th National Fellow's Ference) ကို ကျင်းပပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်းကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။
အဆိုပါ ဆဌမအကြိမ်မြောက် ဖွံ့ဖြိုးရေး လူငယ်များနှီးနှောဖလှယ်ပွဲကို "စစ်မှန်ခေါင်းဆောင်၊ ပြည့်ကျိုးဆောင်" ဆောင်ပုဒ်နှင့်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရ အဖွဲ့အသစ်အနေဖြင့် လူငယ် ကဏ္ဍကို အလေးထား ဆောင်ရွက်နေကြောင်း၊ အနာဂတ်နိုင်ငံတာဝန်ကိုလက်ဆင့်ကမ်းအမွေအဖြစ် လူငယ်များက လက်ခံရမှာဖြစ်သောကြောင့်် လူငယ်များအား စနစ်တကျစုစည်းပြီး မှန်ကန်သော မူဝါဒများဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း၊ယနေ့ရောက်ရှိလာသော ကကျေးလက်ဖွံ့ဖြိုးရေး လူငယ်များနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်အသီးသီးမှာ ကိုယ်စားလှယ် များကိုအသိအမှတ်ပြု ဂုဏ်ပြုလိုပါကြောင်း၊ ယခုအခါ ပြည်သူများသည် ကောင်းမွန်သော အပြောင်းအလဲကို လိုချင်ကြပါကြောင်း၊ ထိုသို့ပြောင်းလဲအောင် ဆောင်ရွက်ရာတွင် ပြည်သူကိုပင် အခြေပြုရမြည်ဖစ်ကြောင်း၊ ကျေးလက်းဖွံံဖြိုးရေး လူငယ်များသည် ပြည်သူလူထုလူငယ်များ ဖြစ်သလိုပြည်သူလူထုက ဦးဆောင်တဲ့ ဖွံ့ဖြိုးရေးဖြစ်လာစေရန် ယခုလိုရပ်ရွာအတွင်း စည်းလုံးညီညွှတ်မှု ရှိအောင်ဆောင်ရွက်ခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သုံးသပ်လေ့လာမှုများ ပြုလုပ်ခြင်း၊ ပြည်သူလူထု ဦးဆောင်သော လူထုအခြေပြုဖွံ့ဖြိုးရေး လုပ်ငန်းများ ပေါ်ထွန်းလာအောင်ဆောင် ရွြက်ခင်းစသည့်လုပ်ငန်းတွေမှာ ကိုယ်ကျိုးကို ပဓာနမထားပဲဒေသ အသီးသီးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြခြင်ဖြင့် ပြည်သူလူထုအခြေပြုပြောင်းလဲတိုးတက်မှုများကို ဖေါ်ဆောင်နေကြပြီဖြစ်ကြောင်း၊ လူငယ်များသည် အနာဂါတ်တွင် မိမိတို့ရပ်ရွာနဲ့ ပြည်သတွေအတွက် ခေါင်းဆောင် ကောင်းများဖြစ်လာ ကြလိမ့်မယ်လို့လည်း ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွံ့ဖြိုးရေးလူငယ်များ နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ ဖွံ့ဖြိုးရေးလူငယ်များ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ စုစုပေါင်းလူငယ်(၆၀၀)ကျော်ခန့် တက်ရောက်ကြ၍ လူငယ်များအကြား ဒေသဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ကြမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တစ်သားတည်းရှိမှုနှင့် ငြိမ်းချမ်းရေးအတွက်လည်း အပြန်အလှန် ဖလှယ်ကြမြည်ဖစ်ပါသည်။
အဆိုပါ ဖွံ့ဖြိုးရေး လူငယ် များနှီးနှောဖလှယ်ပွဲကို ၂၀၁၆အောက်တိုဘာလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်တာကျင်းပ သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ(၂း၃၀)နာရီအချိန်တွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သဘာဝဘေးဒဏ် လျော့ပါးရေးလုပ်ငန်းများနှင့် လူမှုဝန်ထမ်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGO )နှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးထားသည့် နိုင်ငံပေါင်း (၁၄၀)တွင် လူသား ချင်းစာနာ ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ရန် မိတ်ဖက်ဖွဲ့စည်းထားသော ACT Alliance အဖွဲ့ဝင်များ ဖြစ်ကြသည့် Lutherand world Federation, Dan Church Aid, Christian Aid, Diakonia, Church world Services အဖွဲ့များနှင့် ဝန်ကြီးဌာနနှင့် MOU မရေးထိုးထား သော်လည်း ACT Alliance အဖွဲ့ဝင်ဖြစ်သည့် Finn Church Aid တို့မှ ကိုယ်စားလှယ်များက လာရောက် တွေ့ဆုံဂါရ၀ ပြုခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ACT Alliance အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်း ဆောင်ရွက် နိုင်ပါရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ACT Alliance အဖွဲ့ဝင် INGO(၁၀)ဖွဲ့တို့သည် မိမိတို့အဖွဲ့အလိုက် လုပ်ငန်းအမျိုးမျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ပတ်သက် ၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။