ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကိုကာကိုလာမြန်မာကုမ္မဏီနှင့် ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ယက်အဖွဲ့တို့မှ လာရောက်တွေ့ဆုံခြင်းနှင့် စတုတ္ထအကြိမ်မြောက် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးတက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် အောက်တိုဘာလ ၂၄ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကိုကာကိုလာမြန်မာကုမ္မဏီမှ အထွေထွေမန်နေဂျာဖြစ်သူ Mr. Rehan Khan ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ ဆုံရာ၌ ကိုကာကိုလာမြန်မာကုမ္မဏီမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သည့်(၄)နှစ်တာကာလအတွင်း Cooperate Social Responsibility(CSR) နှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရမ ဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် PACT in Myanmar အဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအားရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်ဒေသအချို့တွင်လည်းကောင်း၊ ရေနှင့်သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လည်ကောင်း၊ သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများကိုလည်းလုပ်ဆောင်ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း ဝန်ကြီးဌာနမှဆောင်ရွက်လျက် ရှိသော သက်ကြီးရွယ်အိုကိစ္စရပ်များ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပေါ်နေ ကလေးသူငယ်များဆိုင်ရာကိစ္စရပ်များ၊ သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှု၊ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုရင်းနှီးပွင့်လင်း စွာဆွေးနွေး ခဲ့ကြပါသည်။

      အလားတူနံနက်( ၁၀း၀၀)နာရီအချိန်တွင်ပြည်ထောင်စုဝန်ကြီးအားကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ယက်အဖွဲ့မှဒါရိုက် တာဖြစ် သူဒေါ်မေစပယ်ဖြူဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌အမျိုးသမီးများ အကြမ်းဖက် မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ CEDAW အစီရင်ခံစာ များနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များ၊ ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ယက်အဖွဲ့မှ ရှေ့ ဆက်ဆောင် ရွက်မည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝန်ကြီးဌာနမှ ပူးပေါင်းကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

      ဆက်လက်၍ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းရုံးအစည်းအဝေးခန်းမ၌ စတုတ္ထအကြိမ်မြောက် ကျား/မ တန်းတူညီမျှရေးနှင့်အမျိုးသမီးစွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ Gender Equality and Women Empowerment Sector Working Group (GEWE-SWG)အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအဖွင့်အမှာစကား ြပောကြားခဲ့ ပါသည်။

     ပြည်ထောင်စုဝန်ကြီးမှ ယနေ့ကျင်းပပြုလုပ်သောအစည်းအဝေးမှာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုး သားအဆင်‌့ မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် နိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများကိုစနစ်တကျ ညှိနှိုင်းဖော်ဆောင် သွားကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင်‌့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် UN CEDAWကော် မတီသို့ တင်သွင်းခဲ့သောစတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာအရအဆိုပါကော်မတီမှ အကြံပြုချက်(၅၆)ချက် ပေးပို့လာပါကြောင်း၊ အဆိုပါအကြံပြုချက်များထိရောက်စွာရေးသား‌ြဖေဆိုနိုင်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာအမျိုးသားအဆင်‌့ မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရမည်‌့ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယင်းသို့အကောင် အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများမှ နည်းပညာနှင့် ငွေကြေးအကူညီပေးခြင်း၊ အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းများမှ အမျိုးသမီးများအတွက် အဓိကလိုအပ်သောမူဝါဒများအကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူ ညီခြင်းတို့ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့ကနေပြည်တော်တွင် မိတ် ဆက်ဖြန့်ချီခဲ့သည်‌့ မြန်မာနိုင်ငံ၏ ကျား/မ ရေးရာတန်းတူညီမျှခြင်းနှင့် အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာ အ‌ခြေအနေ ဆန်း စစ်မှု (Gender Equality and Women’s Rights in MYANMAR: A Situation Analysis ) သည် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင်‌့ မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၏ အောင်မြင်မှုဖြစ်ပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် များမှာပါတဲ့ ဦးတည်ချက်တွေကိုဆောင်ရွက်ရာမှာအထောက်အကူပြုကြောင်း၊ SDG ရဲ့ပန်းတိုင် (၁၇)ခုမှာအမှတ်စဉ်(၅)ဖြစ် သည်‌့ ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ ၊အမျိုးသမီးငယ်ရွယ်များအားလုံးစွမ်းပကားတိုးမြှင့်စေရေးသည် အမျိုး သမီးများ၊ အမျိုးသမီးငယ်ရွယ်များအားလုံးအလုပ်အကိုင်အခွင့်အလမ်းမှစ၍ ကဏ္ဍပေါင်းစုံတွင် ကျား/မ မခွဲခြားဘဲတန်းတူ ညီမျှ အခွင့်အလမ်းရရှိစေမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင်‌့ မဟာဗျူဟာ စီမံကိန်း၏ လုပ်ငန်းဧရိယာများကိုဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက် အဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း ‌ပြောကြားခဲ့ပါသည်။

      အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းများ၊ အစိုးရမ ဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ UNအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter