လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား Korea Disabled People’s Development Institute အဖွဲ့အစည်း နှင့် United Nations Development Programme(UNDP) အဖွဲ့အစည်း တို့မှ သီးခြားစီ လာရောက်တွေ့ဆုံခြင်
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရ ာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Korea Disabled People’s Development Institute အဖွဲ့ အစည်း မှ Program Specialist ဖြစ်သူ Mr. Kim Kwang- hee ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်း သူများ၏ အခွင့်အရေးများ အပြည့်အဝ ကာကွယ်မြှင့်တင်ရေး၊ အလုပ်အကိုင ်အခွင့်အလမ်းများ ရရှိနိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန မှ ဆောင်ရွက်လျက် ရှိသောလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ဥပဒေများ အားလည်းကောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို လည်းကောင်း၊ ဝန်ကြီးဌာန၏ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန စင်တာနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် မုန့်ဖုတ်လုပ်ငန်းများ၊ စားသောက်ဆိုင် (သို့မဟုတ်) ကော်ဖီဆိုင်များ ဖွင့် လှစ်၍ ဈေးကွက်နှင့် ချိတ်ဆက်ပေးမည့် အလားအလာများအားလည်းကောင်း၊ လူမှုဝန်ထမ်း ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် Social Work Institute ထူထောင်ရာတွင် လည်းကောင်း၊ မသန်စွမ်းသူများ အတွက် နည်းပညာထောက်ကူ သင်တန်းများ ဖွင့် လှစ်သင်ကြား ပေးနိုင်ရေး အတွက် ICT Center for Excellence ဖွင့်လှစ်ရာတွင်လည်းကောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင်လည်းကောင်း ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေ များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် ညနေ ( ၄း၀၀ ) နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးအား United Nations Development Programme (UNDP) အဖွဲ့အစည်း မှ Country Director ဖြစ်သူ Mr. Peter Batchelor ဦးဆောင်သော အဖွဲ့ က လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ ပြုစုထားသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှီငြမ်း ဆောင်ရွက်နိုင်မည့် လမ်းညွှန်ချက်အား အာဆီယံအဆင့် လမ်းညွှန်အဖြစ် အသုံးပြုပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက် မည့်ကိစ္စများ၊ အဆိုပါ လမ်းညွှန်ချက်အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ သဘာဝဘေး လျော့ပါးရေးစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) အား အသစ်ရေးဆွဲ အကောင်အထည်ဖော်ရာတွင် UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ အဆိုပါ လုပ်ငန်းစီမံချက်အား ဖွံ့ဖြိုးမှု မိတ်ဘက်များ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများအား မိတ်ဆက်ရှင်းလင်းနိုင် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။